နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
JustYM Ticket Booking ကိုအသုံးမပြုမီ ဤစည်းကမ်းသတ်မှတ်ချက်များကို သေချာစွာ ဖတ်ရှုပေးပါ။
JustYM Ticket Booking ကို ဝင်ရောက်အသုံးပြုခြင်းဖြင့် ဤစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်ပါသည်။ အကယ်၍ သင်သည် ဤစည်းကမ်းချက်များကို သဘောမတူပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးမပြုပါနှင့်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရန် အနည်းဆုံး အသက် ၁၃ နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။ အသက် ၁၈ နှစ်အောက် ဖြစ်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရှိရပါမည်။
ဝန်ဆောင်မှုအချို့ကို အသုံးပြုရန် အကောင့်တစ်ခု ဖွင့်ရပါမည်။ သင်၏ အကောင့်အချက်အလက်များ လုံခြုံမှုနှင့် သင်၏အကောင့်အောက်တွင် ဖြစ်ပေါ်သမျှ လုပ်ဆောင်ချက်အားလုံးအတွက် သင်ကိုယ်တိုင်တွင် တာဝန်ရှိပါသည်။
လက်မှတ်ဝယ်ယူမှုအားလုံးသည် လက်ကျန်ရှိမရှိပေါ်တွင် မူတည်ပါသည်။ မရိုးသားသော လုပ်ဆောင်ချက် သို့မဟုတ် စည်းကမ်းချက်များကို ချိုးဖောက်သည်ဟု ယူဆပါက ဝယ်ယူမှုကို ငြင်းပယ်ရန် သို့မဟုတ် ပယ်ဖျက်ရန် ကျွန်ုပ်တို့တွင် အခွင့်အာဏာရှိပါသည်။
စျေးနှုန်းအားလုံးကို ဒေသသုံးငွေကြေးဖြင့် ဖော်ပြထားပြီး အခွန်များ ပါဝင်ပြီးဖြစ်သည်။ စျေးနှုန်းများကို ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲနိုင်သော်လည်း အတည်ပြုပြီးသား ဝယ်ယူမှုများကို ထိခိုက်မှု မရှိစေရပါ။
ခရက်ဒစ်ကတ်၊ ဒက်ဘစ်ကတ် နှင့် အခြားဖော်ပြထားသော ငွေပေးချေမှုနည်းလမ်းများကို လက်ခံပါသည်။ ငွေပေးချေမှု အပြည့်အစုံရရှိပြီးမှသာ လက်မှတ်များကို ထုတ်ပေးမည်ဖြစ်ပါသည်။
ပွဲစီစဉ်သူဘက်မှ ပွဲဖျက်သိမ်းခြင်းမှလွဲ၍ ဝန်ဆောင်မှုခများနှင့် လက်မှတ်ဝယ်ယူမှု စရိတ်စကများကို ပြန်လည်ထုတ်ပေးမည် (Refund) မဟုတ်ပါ။
ငွေပေးချေမှုအားလုံးကို လုံခြုံစိတ်ချရသော စနစ်များဖြင့်သာ ဆောင်ရွက်ပြီး၊ သင်၏ ကတ်အချက်အလက် အပြည့်အစုံကို ကျွန်ုပ်တို့၏ ဆာဗာများတွင် သိမ်းဆည်းထားခြင်း မရှိပါ။
ပွဲအမျိုးအစားပေါ်မူတည်၍ မူဝါဒများ ကွဲပြားနိုင်ပါသည်။ ယေဘုယျအားဖြင့် ပွဲစီစဉ်သူဘက်မှ ဖျက်သိမ်းခြင်း သို့မဟုတ် အကြီးအကျယ် ပြောင်းလဲခြင်းမှလွဲ၍ လက်မှတ်များကို ငွေပြန်အမ်းပေးမည် မဟုတ်ပါ။
ပွဲစီစဉ်သူဘက်မှ ပွဲဖျက်သိမ်းပါက ဝန်ဆောင်မှုခ အပါအဝင် ငွေအပြည့်အဝ ပြန်အမ်းပါမည်။ ငွေပြန်အမ်းမှုသည် ပုံမှန်အားဖြင့် ၇ ရက်မှ ၁၄ ရက်အတွင်း ကြာမြင့်နိုင်ပါသည်။
ပွဲရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် နေရာပြောင်းလဲခြင်း ဖြစ်ပေါ်ပါက သင်၏လက်မှတ်သည် ရက်အသစ်အတွက် ဆက်လက်အတည်ဖြစ်ပါမည်။ အကယ်၍ မတက်ရောက်နိုင်ပါက ပွဲစီစဉ်သူ၏ မူဝါဒအတိုင်း ငွေပြန်အမ်းရန် လျှောက်ထားနိုင်ပါသည်။
အတည်ပြုပြီးဖြစ်သောငွေပြန်လည်ပေးအပ်ရာတွင် လုပ်ငန်းလုပ်ဆောင်ချိန် ၇ ရက်မှ ၁၄ ရက် အထိ ကြာမြင့်မှာဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘဏ်နှင့်ATMကတ် များအပေါ် မူတည်ပြီး သတ်မှတ်ရက်ထက် ပိုနိုင်ပါသည်။
ပွဲသို့ လာရောက်ရန် ပျက်ကွက်ပါက ငွေပြန်အမ်းပေးမည် မဟုတ်ပါ။ မလာရောက်မီ နေ့ရက်၊ အချိန် နှင့် နေရာ တို့ကို ထပ်မံစစ်ဆေးအတည်ပြုပါ။.
လက်မှတ်များသည် ဖော်ပြထားသော ပွဲ၊ ရက်စွဲနှင့် အချိန်အတွက်သာ အတည်ဖြစ်ပါသည်။ လက်မှတ်တစ်ခုကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး မိတ္တူများကို လက်ခံမည်မဟုတ်ပါ။
ပွဲဝင်ပေါက်တွင် တရားဝင်လက်မှတ်နှင့်အတူ မှတ်ပုံတင် (ID) ကို ပြသရပါမည်။ လက်မှတ်လွှဲပြောင်းထားခြင်းမရှိပါက မှတ်ပုံတင် (ID) ပေါ်ရှိအမည်နှင့် လက်မှတ်ပေါ်ရှိအမည်တို့သည် တူညီရမည်ဖြစ်သည်။
အချို့သော လက်မှတ်များကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှတစ်ဆင့် အခြားသူထံ လွှဲပြောင်းနိုင်ပါသည်။ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ရောင်းချခြင်း တွေ့ရှိပါက လက်မှတ်ကို ပယ်ဖျက်နိုင်ပါသည်။
လက်မှတ်များ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ ပျက်စီးခြင်းများအတွက် ကျွန်ုပ်တို့မှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ လက်မှတ်များကို သေချာသိမ်းဆည်းထားရန်နှင့် အထက်ပါကိစ္စရပ်များဖြစ်ပေါ်လာပါက ကျွန်ုပ်တို့ထံသို့ အချိန်မှီဆက်သွယ်အကြောင်းကြားရမည်။
ကျွန်ုပ်တို့၏ စနစ်ကို လိမ်လည်မှုများ သို့မဟုတ် တရားမဝင်သော ကိစ္စရပ်များအတွက် အသုံးမပြုရပါ။ ချိုးဖောက်ပါက အကောင့်ကို ပိတ်သိမ်းမည်ဖြစ်ပြီး အာဏာပိုင်များထံ တိုင်ကြားနိုင်ကြောင်း သိရှိထားပါသည်။
လက်မှတ်များကို သတ်မှတ်စျေးထက် ပို၍ရောင်းချခြင်း (Scalping) ကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ သတ်မှတ်ဈေးထက် ပိုမို့ရောင်းချခြင်းဖြင့် ရရှိလာသော လက်မှတ်များကို ဖျက်သိမ်းနိုင်ကြောင်း သိရှိထားပါသည်။
အကောင့်များစွာ ဖွင့်ခြင်း သို့မဟုတ် လက်မှတ်ဝယ်ယူရန် အလိုအလျောက်စနစ်များ (Bots) အသုံးပြုခြင်းတို့ကို ခွင့်မပြုပါ။ ထိုသို့ပြုလုပ်ပါက အကောင့်အား ဆိုင်းငံ့ခြင်း နှင့် လက်မှတ်များကို ဖျက်သိမ်းနိုင်ကြောင်း သိရှိထားပါသည်။
ကျွန်ုပ်တို့၏ ပလက်ဖောင်းမှတဆင့် ဥပဒေမဲ့၊ အန္တရာယ်ဖြစ်စေသော၊ ခြိမ်းခြောက်ခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်း နှောင့်ယှက်ခြင်း၊ အသရေဖျက်ခြင်း၊ အောက်တန်းကျသော၊ ညစ်ညမ်းသော၊ သို့မဟုတ် အခြားကန့်ကွက်နိုင်သော အကြောင်းအရာများကို ပို့စ်တင်ခြင်း သို့မဟုတ် ပို့ခြင်းမပြုရပါ။ ထိုသို့ပြုလုပ်ပါက အကောင့်အား ဆိုင်းငံ့ခြင်း နှင့် လက်မှတ်များကို ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း သိရှိထားပါသည်။
စာသားများ၊ ဂရပ်ဖစ်များ၊ လိုဂိုများ၊ ရုပ်ပုံများနှင့် ဆော့ဖ်ဝဲလ်များ အပါအဝင် Trip Tickets ပေါ်ရှိ အကြောင်းအရာအားလုံးသည် JustYM Booking Ticket သို့မဟုတ် ၎င်း၏ လိုင်စင်ရရှိထားသူများ၏ ပိုင်ဆိုင်မှုဖြစ်ပြီး မူပိုင်ခွင့် (Copyright)၊ ကုန်အမှတ်တံဆိပ် (Trademark) နှင့် အခြားသော ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြင့် အကာအကွယ်ပေးထားပါသည်။.
ကျွန်ုပ်တို့၏ ပလက်ဖောင်းကို ကိုယ်ပိုင်ကိစ္စအတွက်သာ (စီးပွားဖြစ်မဟုတ်ဘဲ) ဝင်ရောက်အသုံးပြုနိုင်ရန် ကန့်သတ်ထားသော၊ အခြားသူသို့ လွှဲပြောင်းပေး၍မရသော လိုင်စင်ကို သင့်အား ခွင့်ပြုပေးပါသည်။ ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ မိတ္တူကူးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် တစ်ဆင့်ခံ ဖန်တီးမှုများပြုလုပ်ခြင်းတို့ကို မပြုလုပ်ရပါ။
ကျွန်ုပ်တို့၏ ပလက်ဖောင်းသို့ ဝေဖန်အကြံပြုချက်များ (Reviews)၊ မှတ်ချက်များ သို့မဟုတ် အခြားသော အကြောင်းအရာများကို တင်ပြခြင်းဖြင့် ၎င်းတို့အား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ အသုံးပြုခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ပြုပြင်ခြင်းနှင့် ပြသခြင်းတို့ ပြုလုပ်နိုင်ရန် ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ (Worldwide) နှင့် အခကြေးငွေပေးရန်မလိုသော (Royalty-free) လိုင်စင်ကို ကျွန်ုပ်တို့အား ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပလက်ဖောင်းကို "ရှိရင်းစွဲ" (as is) အတိုင်းသာ ပံ့ပိုးပေးထားပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အာမခံချက်မှ ပေးထားခြင်း မရှိပါ။ ဝန်ဆောင်မှုသည် အနှောင့်အယှက်မရှိခြင်း၊ လုံခြုံစိတ်ချရခြင်း သို့မဟုတ် အမှားအယွင်းကင်းစင်ခြင်းတို့ ရှိမည်ဟု ကျွန်ုပ်တို့ အာမခံချက် မပေးပါ။
ကျွန်ုပ်တို့သည် သင်နှင့် ပွဲစီစဉ်သူများအကြား ကြားခံဆောင်ရွက်ပေးသူအဖြစ်သာ လုပ်ဆောင်ပါသည်။ ပွဲများ၏ အရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ တရားဝင်မှု သို့မဟုတ် ပွဲစီစဉ်သူများ၏ တာဝန်ကျေပွန်နိုင်မှုတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။
ဥပဒေမှ ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ၊ JustYM Booking Tickets သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော သွယ်ဝိုက်သော နစ်နာမှု၊ တိုက်ဆိုင်စွာဖြစ်ပေါ်သော နစ်နာမှု၊ အထူးနစ်နာမှု သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်းဆိုင်ရာ နစ်နာကြေးများအတွက် တာဝန်ရှိမည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ပေါ်ပေါက်လာသော တိုင်ကြားမှုများအတွက် သင်အပေါ် ကျွန်ုပ်တို့၏ စုစုပေါင်းတာဝန်ယူမှုသည် သင်ပေးချေထားသော လက်မှတ်ဖိုး ပမာဏ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀၀ (ဤပမာဏထက် ပိုနည်းသည်ဖြစ်စေ) ထက် မကျော်လွန်စေရပါ။
ဤစည်းကမ်းသတ်မှတ်ချက်များကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများအတိုင်း လိုက်နာအနက်ဖွင့်ဆိုပါမည်။
ဤစည်းကမ်းချက်များ သို့မဟုတ် ဝန်ဆောင်မှုအသုံးပြုမှုမှ ပေါ်ပေါက်လာသော အငြင်းပွားမှုများကို တရားရုံးတွင် မဟုတ်ဘဲ စည်းနှောင်မှုရှိသော ဖျန်ဖြေရေးစနစ် (Arbitration) ဖြင့်သာ ဖြေရှင်းရပါမည်။ (အသေးစား တောင်းဆိုမှုဆိုင်ရာ တရားရုံးနှင့် ကိုက်ညီသော ကိစ္စရပ်များမှလွဲ၍ ဖြစ်ပါသည်။)
အငြင်းပွားမှုများကို တစ်ဦးချင်းအလိုက်သာ ဖြေရှင်းရမည်ဖြစ်ပြီး စုပေါင်းတိုင်ကြားခြင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုအနေဖြင့် ကိုယ်စားပြု တိုင်ကြားခြင်းများကို မပြုလုပ်ရန် သင်သဘောတူညီပါသည်။
ဤစည်းကမ်းသတ်မှတ်ချက်များကို အချိန်မရွေး ပြင်ဆင်ခွင့်ရှိပါသည်။ ပြင်ဆင်ချက်များသည် ဝဘ်ဆိုက်တွင် တင်ပြီးသည်နှင့် ချက်ချင်း အတည်ဖြစ်ပါသည်။ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခြင်းသည် ပြင်ဆင်ထားသော စည်းကမ်းချက်များကို သင်သဘောတူညီရာ ရောက်ပါသည်။
စည်းကမ်းချက်များတွင် သိသာမြင်သာစွာ ပြောင်းလဲခြင်းရှိပါက ဝဘ်ဆိုက်တွင် ကြေညာခြင်း သို့မဟုတ် အီးမေးလ်ပေးပို့ခြင်းဖြင့် အသိပေးရန် ကျွန်ုပ်တို့ ကြိုးပမ်းသွားပါမည်။
ဤစည်းကမ်းချက်များနှင့် ပတ်သက်၍ မေးမြန်းလိုပါက သို့မဟုတ် လက်မှတ်ဝယ်ယူရန် အကူအညီလိုပါက ကျွန်ုပ်တို့၏ အကူအညီပေးရေးအဖွဲ့ထံ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် လျင်မြန်ပြီး ထိရောက်သော ဝန်ဆောင်မှုပေးရန် အလေးထားပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအပေါ် သင်၏ ဝေဖန်အကြံပြုချက်များကို ကြိုဆိုပါသည်။ သိလိုသမျှ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
ဤစည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ သိလိုသမျှ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
အီးမေးလ် -
hello@justym.meဖုန်း - +66 946034046
မှတ်ပုံတင်စဉ်အတွင်း "သဘောတူပါသည်" ကို နှိပ်ခြင်းဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်သော်လည်းကောင်း သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုပြီးဖြစ်ကြောင်းနှင့် လိုက်နာရန် သဘောတူညီကြောင်း အသိအမှတ်ပြုပါသည်။
ဆက်စပ်စာရွက်စာတမ်းများ